Facebook Monetization အသုံးပြုနေတဲ့ Client တွေကို အရေးကြီးတဲ့အချက်တစ်ခု အသိပေးချင်ပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံဟာ Facebook Monetization Program များအတွက် Official Supported Country အဖြစ် အပြည့်အဝပါဝင်ထားခြင်း မရှိသေးပါဘူး။

Facebook ကနေ ဝင်ငွေရနေတဲ့ မြန်မာ Creator အချို့ရှိပေမယ့် အများစုကတော့ Facebook Partner Program နဲ့ ချိတ်ဆက်ထားသူများ၊ Agency သို့မဟုတ် Company Account များ၊ နိုင်ငံခြား Region ဖြင့် အသုံးပြုနေသူများ ဖြစ်ကြပါတယ်။

ယခု ကျွန်တော်ဆီ Payout Bank ငွေထုတ် Service လာအပ်ထားတဲ့ Client အချို့ရဲ့ Facebook Page များကို စစ်ဆေးကြည့်ရာမှာ Page ကို Manage လုပ်နေတဲ့ Country/Region နဲ့ Facebook Account Primary Location ဟာ Myanmar ဖြစ်နေတာတွေ တွေ့ရှိရပါတယ်။

ဒါကြောင့် Facebook Monetization အသုံးပြုနေသူများအနေနဲ့ မိမိ Page နဲ့ Facebook Account Location ကို အချိန်အခါအလိုက် စစ်ဆေးထားဖို့ အကြံပြုလိုပါတယ်။

(1) Facebook Page Location ကို စစ်ဆေးနည်း

Facebook Page ကို ဝင်ပြီး About ကို နှိပ်ပါ။

ပြီးရင် Transparency and privacy policy ကို ဖွင့်ပါ။



(ပုံ - ၁)

Page Transparency Box ပေါ်လာရင် အောက်ကိုဆင်းပြီး

People who manage this Page

အပိုင်းကို ရှာပါ။

အဲ့ဒီနေရာမှာ

Primary country/region location for people who manage this Page

ဆိုတဲ့ စာသားအောက်မှာ Page ကို Manage လုပ်နေတဲ့ Country/Region ကို မြင်နိုင်ပါတယ်။

ဥပမာ -

Thailand (4)

လို့ ပြထားရင် Page ကို Manage လုပ်နေတဲ့ Account များရဲ့ အဓိက Region ဟာ Thailand ဖြစ်ကြောင်း ပြသပေးတာဖြစ်ပါတယ်။


(ပုံ - ၂)


(2) Facebook Account Primary Location ကို စစ်ဆေးနည်း

Facebook Account အတွက်တော့ အောက်ပါ Link မှတစ်ဆင့် တိုက်ရိုက်စစ်ဆေးနိုင်ပါတယ်။

https://www.facebook.com/primary_location/info/?_rdr

Link ကို Browser မှာ ဖွင့်လိုက်ရင်

Your primary location is near

ဆိုတဲ့နေရာမှာ Facebook က သင့် Account ကို ဘယ်နိုင်ငံ၊ ဘယ်မြို့အဖြစ် သတ်မှတ်ထားလဲဆိုတာ မြင်နိုင်ပါတယ်။

(ပုံ - ၃)

Facebook ရဲ့ ဖော်ပြချက်အရ Primary Location ကို အောက်ပါအချက်အလက်များအပေါ် မူတည်ပြီး သတ်မှတ်ပေးပါတယ်။

  • Profile မှာ ထည့်ထားတဲ့ City

  • Device ရဲ့ IP Address

  • Facebook အသုံးပြုထားတဲ့ Activity များ

  • Device Location Permission

ဥပမာ -

Your primary location is near : Bangkok, Bangkok 10250

လို့ ပြထားရင် Facebook က သင့် Account ကို Thailand Region အဖြစ် သတ်မှတ်ထားတယ်လို့ နားလည်နိုင်ပါတယ်။


အရေးကြီးတဲ့ သတိပြုရန်

Profile မှာ "From Myanmar" လို့ ပြထားတာနဲ့ Monetization Country ကို အတည်ပြုလို့ မရပါဘူး။

အလားတူ VPN ဖွင့်ထားတာတစ်ခုတည်းနဲ့လည်း Region ပြောင်းသွားမယ်လို့ အတည်ပြုလို့ မရပါဘူး။

Facebook က Account History၊ IP Address၊ Device Location၊ Activity နဲ့ အခြားအချက်အလက်များစွာကို ပေါင်းစပ်ပြီး Country/Region ကို သတ်မှတ်ပေးတာ ဖြစ်ပါတယ်။

ဒါကြောင့် Facebook Monetization အသုံးပြုနေသူများအနေနဲ့ -

✅ Page Transparency ကို စစ်ဆေးပါ။

✅ People who manage this Page ကို စစ်ဆေးပါ။

✅ Facebook Account Primary Location ကို စစ်ဆေးပါ။

✅ Policy မကိုက်ညီတဲ့ နည်းလမ်းများ အသုံးမပြုပါနဲ့။

Facebook Monetization ဟာ Account တစ်ခုနဲ့ တစ်ခု Result မတူနိုင်သလို Country Eligibility, Account History နဲ့ Policy Compliance ပေါ်မူတည်ပြီးလည်း ကွာခြားနိုင်ပါတယ်။

Safe ဖြစ်တဲ့ နည်းလမ်းများနဲ့သာ အသုံးပြုပြီး မိမိ Account နဲ့ Page ရဲ့ Location Information တွေကို အချိန်အခါအလိုက် စစ်ဆေးထားကြဖို့ အကြံပြုလိုပါတယ်။